Kyaw Thu's Art Zone Print E-mail
User Rating: / 0
PoorBest 
Written by စာတည်းအဖွဲ့   

invitation front

 

invitation back

 

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ နာရေးကူညီမှု အသင်းကြီး (ရန်ကုန်) ရဲ့ ခေါင်းဆောင် ဦးကျော်သူ ဟာ ၂၀၀ရ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း ၊ ရုပ်ရှင်ဇာတ်ကားများမှာ သရုပ်ဆောင်ခြင်းကို ရပ်တန့်ခံရပြီး မိမိ ဘ၀တစ်လျောက် ကြုံခဲ့ရတဲ့ ခံစားမှုတွေကို ပန်းချီကားတွေအဖြစ် စူးစူးစိုက်စိုက် ဖန်တီးလာဖြစ်ခဲ့ပါတယ်။

 

ယခုတော့  ဒီအနုပညာလက်ရာတွေကို နိုဝင်ဘာ ၂ ရက် နေ့ မှာကျရောက်တဲ့ မိမိရဲ့ အသက် ၅၀ ပြည့် ရွှေရတုမွေးနေ့အဖြစ် မိမိနေအိမ်မှာပဲ မိတ်ဆွေများကို ဖိတ်ပြီး  တကိုယ်တော် ပန်းချီပြပွဲကို ခင်းကျင်းပြသ မယ်လို့သိရပါတယ်။

ဦးကျော်သူ တစ်ယောက် အသက် ငါးဆယ်မှသည် အသက်တစ်ရာတိုင်သည်အထိ ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်း မိမိ ယုံကြည်ရာ အနုပညာနှင့် လူထုအကျိုးပြု လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် တကိုယ်တော် ကျော်သူရဲ့ အနုပညာ လက်ရာတစ်ချို့ကို ကောင်းကင် အနုပညာချစ်သူများ ခံစားနိုင်ရန် တင်ဆက်လိုက်ပါတယ်။

ဦးကျော်သူရဲ့ Kyaw Thu's Art Zone မှာ တင်ဆက် ပြသမည့် ပန်းချီကား အချို့ကို ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှာလည်း Kyaw Thu's Art Zone ပန်းချီ ပြခန်း တစ်ခုကို ဖန်တီး တင်ဆက်ထားပါတယ်။

 


ကောင်းကင်စာတည်းအဖွဲ့