Home ဘဝ အတွေ့အကြုံ ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် (၃)
ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် (၃) Print E-mail
User Rating: / 5
PoorBest 
Written by ပန်းချီ ထိန်လင်း   
Article Index
ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် (၃)
Page #
Page #
Page #
Page #
Page #
Page #
Page #
Page #
All Pages

 

 (ကြောက်မွှေးပါ ဇာဂနာ နဲ့ နှုတ် >>>>>>> အပိုင်း (၁) (၂) (၃) >>>>>>> သို့)

 

“တို့ ပြည်ထောင်စု အလံတော်သည်၊

ဗိုလ်ချုပ်ဈေးက ၀ယ်လာပြီ၊

ပြည်သူ အပေါင်းတို့ ငြိုငြင်သည်။

ပြေးလု၊ (---) ဥ မှတ်ပါသည်။”

 

 

 

(အလံတော်ကြိုတေး(မူရင်း)ကို နားဆင်နိုင်ပါသည်။)

 

 

မြပုဏ္ဏမာ အဖွဲ့ ရယ်လို့ အောင်မြင် ကျော်ကြားလာပြီးနောက် ၁၉၈၈ ခု ဇန်န၀ါရီလ ပုသိမ်မြို့မှာ ပြည်ထောင်စု အလံတော် ကြိုဆိုပွဲ စင်ပေါ်ကနေ လူရွှင်တော် အရိုင်းက ရာဇ၀တ်အိုးကို တုတ်နဲ့ ထိုးချလိုက်သဗျ။ သိကြတဲ့အတိုင်း အဲဒီခေတ်က “ပြည်ထောင်စုနေ့” ဆိုတာကြီးက ကျိုက္ကဆံကွင်းထဲမှာ ၀န်ကြီးဌာန ပြခန်းတွေ၊ ပြည်နယ်နဲ့ ပြခန်းတွေနဲ့ အကြီးအကျယ် လုပ်ပြီး ဗိုလ်နေ၀င်းက နိုင်ငံရေး မျက်လှည့်ပြပွဲကြီး လုပ်တာကိုး။ ဇန်န၀ါရီလလောက်ကတည်းက စပြီး အဲဒီ ပြည်ထောင်စုအလံ ဆိုတဲ့ဟာက အိုလံပစ် မီးရှူးတိုင် လှည့်သလို ပြည်နယ်နဲ့တိုင်းတွေကို လှည့်တာကိုး။ အလံ ညအိပ်တဲ့ မြို့ကြီးတွေမှာလည်း ပွဲကြီးတွေခံပြီး နေ့စဉ် သတင်းစာ မျက်နှာဖုံးတွေမှာက ဒါပဲ ပုံကြီးတွေချဲ့ပြီး ဖေါ်ပြနေတာ။