|
Written by နန်းရွှေမြ
|
|

ကံကော်မြေ က ကံကော်ရွာလေးကို စရောက်ခဲ့ တာ ၁၉၈၂ ။ ၂၂ နှစ်ကာလအတွင်း ကံ့ ကော်ရွာလေးကို ရောက်ခဲ့ တစ်နှစ် မရောက်တစ်နှစ်နဲ့ ။ မှတ်မှတ်ရရ ရောက်ခဲ့ တဲ့ နှစ် ၂၀၀၁ ကံကော်ရွာမောင်နှမများနှင့်  ပြန်ဆုံ ခဲ့ ရသည်။ (ကို မြိုး၊၀င်းမော်ဟန် တို့ ရောပေါ့ ) ခုတော့  ခရီးဝေးကို တချို့ က သွားနှင့်ကြပြီ။ ဆုတောင်းမိသည် ကံကော်ရွာလေး ထာဝရ တည်ရှိနေပါစေ။ မှာလိုက်ချင်သည်။ ကံကော်ရွာ မောင်နှမအားလုံးကို သတိရပါသည်။ ပြောပြချင်သည် အဝေးကနေပြီး ကံကော်ရွာလေးကို လွမ်းမိနေသည်။ နန်းရွှေမြ |
|
|
Written by စန်းဦး
|
|

ကမ်းစပ်မှာ ငါးများ၊ပီတိများနဲ့  ကိုယ်နေထိုင်ရာ ထိုသူ ရောက်လာခဲ့ ။
"ဒါငါးအစစ် တွေလား''
ဟာဗျာ ဒါ ကိုယ်တိုင် သီတံတပ် ကိုယ်တိုင် အချိန်ပေး ပြီး ဒီမြစ်ထဲက ရခဲ့ တဲ့  ငါးတွေပါ။ “အေးလေ အဲဒီ မြစ်ထဲမှာ ငါးအစစ်တွေ မရှိခဲ့ ဘူးဆိုရင်ပေါ့ '' ပြောပြီး သူ ထွက်သွား။
အို ကိုယ်ပြန်ရေရွတ်နေ..... အခါခါ ရေရွတ်နေ.....။
ဟုတ်တယ် မြစ်ထဲ မှာ ငါးအစစ်တွေမရှိတော့ဘူးဆိုရင် ဘယ်လို လုပ်ကြမလဲလို့  တွေးမိ။ ။ စန်းဦး (မွေးနေ့  မှတ်စု) |
|
Written by ကာတွန်း မောင်တီထွင်
|
 |
|
Written by Nyansi
|
|

By the river can't see the river where am I? Under the moon can't see the moon where am I? Just remind the world that I can't be involved where am I? Nyansi
January 2010 |
|
Written by မျိုးတေဇာမောင်
|
ကောင်းကင်ပြာရခြင်း အကြောင်းအရင်းမှာ  မျက်လုံးတွေထဲ အပြာရောင်ရှိလို့ ခြောက်ခြောက်သွေ့သွေ့ မိုးသားတွေ ပြီးရင် စွတ်စွတ်စိုလေထုနဲ့ တစ်နေ့ပြီး နောက်တစ်နေ့ ပထမဆုံး လုပ်ရမယ့်အလုပ်က တို့လက်ချင်း ချိတ်ပြီး အီဖယ်မျှော်စင်ပေါ်က ခုန်ချဖို့ပဲ မေ့ပစ်ဖို့ ကြိုးစားတာဟာ မေ့ပစ်လို့ မရတဲ့သူတွေ လုပ်နေကျကိစ္စ ။ သြဂတ်စ်ဟာ ရစ်ပတ်တတ်တဲ့ နွယ်တစ်ပင်။ မနက်စောစော ရေဒီယို ပြန်မလာနိုင်တော့တဲ့ အရိပ်တွေ ၊ လွမ်းနာကျ သေဆုံးသွားတဲ့ ၀ိဉာဉ်တွေ ကြားရတယ် ၊ နောက်တစ်ကြိမ် ကြားရတယ် အကြိမ်ကြိမ် ကြားရတယ် တံစက်မြိတ် သွပ်ပြားကို သစ်ကိုင်းတွေ ပွတ်တိုက်သွားသလို ။ ၀ါကျတစ်ကြောင်း အသက်ငင်နေစဉ် သူ့အဖော်ဝါကျက သူ့ပါးစပ်ထဲ သူသေနတ်ပြောင်းတေ့ ခလုပ်ကို ဆွဲညှစ်ဖို့ ပြင်တယ်။ နောက်ဝါကျတစ်ကြောင်းက မဆိုင်သလို ကျောပေးထိုင်နေတယ်။ နောက်ဝါကျတစ်ကြောင်းက ကဗျာထဲက နှုတ်ထွက်ကြောင်း ကြော်ငြာတယ်။ နောက်ဝါကျတစ်ကြောင်းက ပွဲလှန့်တုန်း ဖျာတစ်ချပ် ၀င်ခင်းတယ် ။ နောက်ဝါကျတစ်ကြောင်း ပညာရှိ လေသံနဲ့ပြောတယ် “မင်းဒုက္ခနဲ့မင်း” ဆိုလား အဲ့ဒီလို အလုပ်ရှုပ်နေတဲ့ ၀ါကျတွေ အနီးပတ်ဝန်းကျင်မှာ ဟိုတစ်ကြောင်း၊ ဒီတစ်ကြောင်း ။ သောကြာနေ့မှာ အပြီးရေးမယ် ဆိုတဲ့ကဗျာ တစ်ကြောင်းလိုတယ်ထင်လို့ တစ်ကြောင်းထပ်ဖြည့် ကမ္ဘာကြီးပြားလည်း ကဗျာ ပြားချင်မှပြားမယ် ၊ ဟုတ်ပြီလား။ မျိုးတေဇာမောင် 26 Aug 2010 |
|
|
|
|
|
|
Page 2 of 52 |