Home
 
ဆံခြည်မျှင်အိပ်မက် Print E-mail
Written by မောင်ရင်ငဇေ   

သရုပ်ဖေါ် ပန်းချီကေမြိုး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ငါ အိပ်မက် မက်ခဲ့တယ် ...
နင်က ငါ့ဆံပင်တွေ ဖီးပေး
ငါက နင့်ဆံပင်တွေ ဖွပေး

Read more...
 
ကြံ့ဖွတ် Print E-mail
Written by ဦးဖေသိန်း   
ကြံ့ဖွတ်
 
ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း (အဖွင့်) Print E-mail
Written by ဘိုဘို မဟာဝိဇ္ဇာ (လန်ဒန်)   

 

၁၉၅၀ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း


ကော်နဲလ်တက္ကသိုလ် အရှေ့ တောင်အာရှစာစဉ် “စစ်တွင်း ယဉ်ကျေးမှုများ၊ စစ်အေးကာလ အရှေ့တောင်အာရှ ယဉ်ကျေးမှု”စာအုပ် (၂၀၁၀ ဇွန်) အတွက်ပေးသော စာတမ်းဘာသာပြန်

http://www.einaudi.cornell.edu/southeastasia/publications/item.asp?id=1200

 

မြဝတီ

မြန်မာ့တပ်မတော်၏ နိုင်ငံရေး၊ စစ်ရေးဗျူဟာ၊ ဖွဲ့စည်းပုံ၊ လုံခြုံရေးမူဝါဒဆိုင်ရာ ပညာရပ်လေ့လာချက်များကနေ၍ တပ်မတော်က မြန်မာပြေကို အနှစ် ၅၀နီးပါး ချုပ်ကိုင်နိုင်ပုံကို လေ့လာခဲ့ပီးဖြစ်ပါ၏။ သို့ဖြစ်ငြား ထိုစာပေများ၌ တပ်မတော်၏ ဝါဒဖြန့်မီဒီယာမှနေ၍ တိုင်းပြည်တည်ထောင်ရေး လူမှုပြုပြင်ရေးတို့နှင့် စပ်လျဉ်းသည့်သြဇာအရှိန်ကို အလေးပေး လေ့လာမှုကို မတွေ့ရချေ။ ဤစာတမ်းတွင် မြဝတီမဂ္ဂဇင်း[1]စာမျက်နှာထက်များမှ အားထုတ်ခဲ့မှုကို ပြန်ပြောင်း ရှာဖွေတင်ပြသွားပေအံ့။

Read more...
 
ဆရာနန်း ကွယ်လွန်ပီ Print E-mail
Written by ကောင်းကင်စာတည်းအဖွဲ့   

ကမ္ဘာကျော် ဟာသသရုပ်ဆောင် လူမှုကူညီသူ နိုင်ငံရေးတက်ကြွဝေဖန်သူ အကျဉ်းကျခံ ကိုဇာဂနာ၏ ဖခင် စာရေးဆရာ၊ မြန်မာပညာရှိ ဆရာ နန်းညွန့်ဆွေ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက် ၊ ဗုဒ္ဓဟူးနေ့ ညနေ ငါးနာရီတွင် ကွယ်လွန်သွားကြောင်း သိရ၍ မိသားစု နှင့် ထပ်တူ ကောင်းကင်မဂ္ဂဇင်းမှ ၀မ်းနည်းကြေကွဲမိပါသည်။

 

 ဆရာ နန်းညွန့်ဆွေကို ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးအောင်သိန်း ဖြစ်သည်။ ရပ်သာရွာ ဘုန်းကြီးကျောင်း၊ ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့  အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်း ကျောင်းတို့တွင် တက်ရောက် ပညာ သင်ကြားခဲ့သည်။ ၁၉၄၃-၄၄ ခုနှစ်တွင် မြန်မာဆယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၂တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်သည်။ ဒုတိယကမ္ဘာစစ် အတွင်း ရန်ကုန် ဆင်း၍ ဂျပန်ကျောင်း တက်ရင်း တရားရေး ဝန်ကြီး ဌာနတွင် စာရေး လုပ်ခဲ့သည်။ ၁၉၄၄ ဂရိတ်တားအေးရှား သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုရသည်။

 

နန်းညွန့်ဆွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖက်ဆစ် တော်လှန်ရေး ဖြစ်သော အခါ ဆင်မြီးဆွဲ ပြန်၍ အာရှ လူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။၁၉၄၆-၄၇တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်။ ၁၉၄၇ သီတင်းကျွတ်အထူးထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြည်မောင်ညွန့် အမည်ဖြင့် သီတင်းကျွတ်လဘွဲ့ကဗျာရေးပီး စာပေလောကသို့ ဝင်ရောက်သည်။ ရဝိနောင် အမည်ဖြင့်လည်း ကဗျာရေးသည်။

 

Read more...
 
ရေလို လေ လို ကဗျာဆရာ.. Print E-mail
Written by စာတည်းအဖွဲ့   

ကောင်းကင် မဂ္ဂဇင်းမှ ရည်မွန်၏ ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ ကဗျာရှည်အား အပိုင်း(၅) ပိုင်းခွဲ၍ တင်ဆက်ခဲ့ပါသည်။ ဤကဗျာကိုရေးခဲ့စဉ်ကာလ၊ ကဗျာဆရာရည်မွန်အား ထောင်တွင်းထုတ် မဂ္ဂဇင်း တစ်ခုမှ ခေတ်ပေါ်ကဗျာနှင့်ပတ်သက်သော မေးခွန်းတချို့ကိုမေးမြန်းဖေါ်ပြခဲ့ပါသည်။ ထိုအင်တာဗျူးအား ကောင်းကင် မဂ္ဂဇင်း ပရိတ်သတ်အတွက် တောင်ပံခတ်သံ ထောင်တွင်းမဂ္ဂဇင်းမှ ကူးယူဖေါ်ပြလိုက်ပါသည်။ ဤကဗျာဆိုင်ရာ အတွေးအမြင်များသည် ကဗျာဆရာအကျဉ်းထောင်ရှိခဲ့စဉ်အချိန်လွန်ခဲ့သော ၉ နှစ် ခန့်က သဘောထားများဖြစ်ပါကြောင်း။

 

(စာတည်းအဖွဲ့)  

 

interviewတောင်ပံ၊            ။ကဗျာဟာ ခင်ဗျားဘ၀ထဲကို ဘယ်လိုဝင်ရောက်လာ ပါသလဲ။

ရည်မွန်။              ။ကဗျာဟာကျွန်တော့် ဘ၀ထဲကိုဘယ်လိုရောက်လာတယ်ဆိုတာ ကောင်းကောင်းမမှတ်မိ ပါဘူး။ နောက်ကြောင်းပြန် ကြည့်သလောက် ရှစ်တန်းကျောင်းသားလောက်မှာ ကျွန်တော် ကဗျာရေးဘို့ စပြီး အားထုတ်နေမိပါပြီ။ အဲဒီအချိန်လောက်ကစပြီး ကျွန်တော်ကိုယ်ကျွန်တော် ကဗျာဆရာ တစ်ဦး အဖြစ် မှတ်ယူနေထိုင်မှုဟာစတင် ခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော်နဘေးမှာ ကဗျာဆရာဆိုတာလည်း တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပါဘူး။ ကဗျာကို စိတ်ဝင်စားသူတွေလည်း ရှိမနေခဲ့ပါဘူး။ အဲဒီိအချိန်က နံဘေးမှာရှိနေခဲ့တာကတော့ ကျောင်းသင်မြန်မာစာ ပြဌာန်းချက် ကဗျာစာအုပ်တွေပါပဲ။ အဲဒီခေတ် ၁၉၈၀ ဝန်းကျင် ကျောင်းသုံး ကဗျာစာအုပ်တွေကို ကျွန်တော် ခုထိမြတ်နိုးနေမိပါသေးတယ်။

 

တောင်ပံ။            ။ကဗျာဟာ ပွင့်လင်းမှုလား။လျို့ဝှက်မှုလား။

 

ရည်မွန်။              ။ကဗျာဟာ စိတ်ရဲ့အနုမြူပါ။

 

တောင်ပံ။            ။Modern, Post Modern ကဗျာတွေရဲ့ ဂုဏ်ရည်ကိုသစ်ကို ဘယ်လိုဖွင့်ဆိုနိုင်ပါသလဲ။

 

ရည်မွန်။              ။ဘီလ်ဂိတ်ရဲ့ Window စံနစ်ကိုဖွင့် ကြည့်ရင် ၂၀ ရာစုရဲ့ရုပ်ခန္ဓာကို တွေ့ရမယ်။ Modern Post Modern ကဗျာတွေ တွေကို ဖွင့်ကြည့်ရင် ၂၀ ရာစုရဲ့ နာမ်ခန္ဓာကို တွေ့ရမယ်။

 

တောင်ပံ။            ။စာပေ အနုပညာနဲ့ ဒသနဗေဒဆိုင်ရာတွေမှာ ဘာသာစကားဟာ အတားအဆီးသဖွယ် ဖြစ်နေတတ်ပါတယ်။ အစစ်တရားတွေကို ဖွင့်လှစ်ပြသဘို့ မလိုလောက်ဘူးလို့ဆိုကြတယ်။ ကဗျာဆရာရဲ့ အမြင်ကိုသိပါရစေ။

 

ရည်မွန်။`            ။ကုန်းမြေရဲ့သဘာဝကိုဖေါ်ပြဘို့ ငါးသတ္တ၀ါတွေမှာ စကားလုံး မရှိသလိုပဲ အစစ်တရားတွေကို ဖေါ်ပြဘို့ လူသတ္တ၀ါတွေမှာ စကားလုံး မရှိဘူးလို့ဆိုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က မစွမ်းမသန်ဆိုတော့ ကရိကထများပေမဲ့ တောင်ဝှေးကိုမစွန့်ပစ် နိုင်သလိုပဲ၊ ဘာသာစကားရဲ့အကူအညီမပါပဲ၊ လောကအကြောင်း ကျွန်တော်တို့ ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။ ကျွန်တော် တို့မှာဥာဏ်မျက်စိ ရှိပြီဆိုရင် တနည်းအားဖြင့်စကံ္ခု ဥဒပါဒိ ဖြစ်ပြီဆိုရင် တော့ ကျွန်တော်တို့ကိုယ်တိုင် (ဘယ်သူ့အကူအညီ မှ မပါဘဲ) အစစ်တရားကို မျက်မှောက်မှုနိုင်ပါလိမ့်မယ်။ ကျွန်တော်နားလည်သလောက် အစစ်တရားဆိုတာက ဖွင့်လှစ် ပြသဘို့မဟုတ်၊ မျက်မှောက်ပြုဖို့သာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အစစ်တရားဟာ စကားလုံးပညတ် တွေရဲ့အလွန်(Beyond the Words) မှာတည်ရှိပါတယ်။

Read more...
 
«StartPrev12345678910NextEnd»

Page 7 of 52