Home
 
ရွှေပြည်တော်သည် Print E-mail
Written by ဦးဖေသိန်း   
ရွှေပြည်တော်သည်
 
အမည်ပေးမထား (၂) Print E-mail
Written by နေလင်းအောင်   



သူ၏ နာမည်အရင်းမှာ နိုင်ဝင်းဖြစ်သော်လည်း တစ်မြို့လုံးကမူ သူ၏အသက်မွေးမှုဖြစ်သည့် ဘဲဥရောင်းချခြင်းကို အကြောင်းပြုပြီးသကာလ ဘဲဥဟူ၍သာ ချစ်စနိုးခေါ်ဝေါ်ကြကုန်၏။

ထိုသို့ခေါ်ဝေါ်ခြင်းအား သူ စိုးစဉ်းမျှ မကြိုက်ကြောင်းကို တစ်မြို့လုံးသိကြသော်လည်း ဘဲဥ ဟူ၍သာ ခေါ်ဆိုမြဲ ခေါ်ဆိုကြလေ၏။ ဘဲဥသည် ရှေးဟောင်းကျမ်းဂန်တို့နှင့် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်ပြီး၊ လူဖြစ်လာသူ ဖြစ်လေရကား ယင်းသို့ခေါ်ဝေါ်ခြင်းသည် ယဉ်ကျေးသောသူတို့၏ အလေ့မဟုတ်၊ အသက်မွေးမှုအလုပ်အကိုင်ကိုအကြောင်းပြု၍ဆဲရေးခြင်းတစ်မျိုးသာလျှင် ဖြစ်ကြောင်းကို ဘာရဒွါဇ ဇာတ်တော်အား စကားအရာ သက်သေထား၍ တုံ့ပြန်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ တစ်မြို့လုံးကမူ ဘဲဥ ဟူ၍သာ ခေါ်ဝေါ်မြဲ ခေါ်ဝေါ်ကြဆဲပင် ဖြစ်ပြီး၊ နောင်တွင်လည်း ဆက်လက် ခေါ်ဆိုကြဦးမည်မှာ မလွဲပြီ။ သရုပ်ဖေါ် ပန်းချီစံမင်း

Read more...
 
မွန်းတည့်နေမှာ Print E-mail
Written by ဘုန်းသက်ပိုင်   

သရုပ်ဖေါ် ဓါတ်ပုံ ပန်းချီထိန်လင်း မော်ဒယ် ဌေးမျိုးကျော်

 

တကယ်တော့

စတာနဲ့ဆုံးတာဟာ တစ်ပြိုင်တည်း၊

 

မွန်းတည့်နေမှာ။

 

မွန်းတည့်နေဟာ

ချောက်ချောက်ခြားခြား ပြုံးတယ်

ယဉ်ယဉ်ကျေးကျေးပယ်ချတယ်

သံတမန်တွေလို လက်ဆွဲနှုတ်ဆက်တယ်။

 

Read more...
 
စစ်ရှေ့ ခေတ်မြန်မာစာပေ၏ အာနုဘော် Print E-mail
Written by ဘိုဘို မဟာဝိဇ္ဇာ (လန်ဒန်)   

 

ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း

၁၉၅၀ ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း

 

အထူးမှတ်စရာအဖုံ ထူးမြတ်စွဒဂုန်

 

၂၀ ရာစုသို့အဝင် ကာလတွင် မြန်မာဘာသာသည် အိန္ဒိယဘာသာများ ခေတ်သစ်သဏ္ဍာန်သို့ ကူးသကဲ့သို့ တူညီသော ပတ်ဝန်းကျင်တွင် အသွင်ပြောင်းလဲမှုများ ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြဖူးပါသည်။ အနောက်တိုင်းစာပေ၏ သြဇာ၊ ပုံနှိပ်စာပေနှင့် သတင်းစာများ (အပတ်စဉ်ထုတ်)များ ပေါ်ပေါက်လာခြင်း၊ ဆန်လုပ်ငန်းနှင့် စီးပွားတက်လာသော စာဖတ်ပရိသတ်တရပ် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခြင်း စသည်တို့တည်း။[1] 

Read more...
 
ဗိုလ်ချုပ်မိခင် Print E-mail
Written by တက္ကသိုလ်ဆုမြိုင်   

                                              

ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည် ဟူသော သိုးဆောင်း စကားပုံတခုရှိလေသည်။ ၎င်းစကားပုံ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင် အမိကောင်းများ၏ ပြုစုပျိုးထောင် ပေးခြင်းခံရသော သူတိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ မြန်မာနိင်ငံ၏ ဘခင်ကြီးဖြစ်သူ (၀ါ) မြန်မာနိင်ငံ၏ ဗိသုကာ ဆရာကြီးဖြစ်သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း အမေစုတည်းဟူသော ကျေးဇူးရှင် မိခင်ကြီး၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ကမ္ဘာကျော်ခေါင်းဆောင် ကြီးတဦး ဖြစ်လာသည်ဟု ယူဆက မှားမည်မဟုတ်ပေ။ ဗိုလ်ချုပ် ၏ အထုပ္ပတ္တိကို ရေးသားရာ၌ ဗိုလ်ချုပ်၏ မိခင် အမေစု၏ အထုပ္ပတ္တိ ပါရှိမှသာ ပြည့်စုံသည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် အမေစု၏ အထုပ္ပတ္တိကို တတ်နိင်သမျှ ရှာဖွေ စုဆောင်း၍ မြ၀တီမှ တင်ဆက်ရပါကြောင်း။

 

အမေစုနှင့် ဗိုလ်ချုပ်မိသားစု

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဗိုလ်ချုပ်၏ ဇာတိဂုဏ် ဆောင်းပါးတွင် အမေစု၏ မျိုးရိုးနှင့် တကွ အစဉ်အဆက်များကို အကျယ်တ၀င့် ရှင်းလင်း ဖေါ်ပြ ရေးသားပြီး ဖြစ်သဖြင့် ယခုဆောင်းပါးတွင် ထပ်မံဖော်ပြရန် မလိုတော့ရကား အမေစု၏ ဘ၀ဖြစ်စဉ် ကိုသာ အသေးစိတ်ရေးသား ဖေါ်ပြပါအံ။ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးရှင် မိခင်ကြီး အမေစုမှာ ၁၂၃၉ ခု၊ ကဆုန်လဆန်း ၁၀ရက် ၊တနင်္ဂနွေ ည ၂ ချက်တီး အချိန်တွင် မကွေးခရိုင် နတ်မောက်မြို့ မင်းဝိုင်း ရှိ အလွန်ခံ့ညားကာ မင်းဟန် ရှိလှသည့် အိမ်ကြီး၍ ဘုန်းကြီးဘ-ဦးမြအေး၊ ဘုန်းကြီး အမေဒေါ်သူဇာ တို့မှ ဖွားမြင်သော သမီးထူး၊ သမီးမြတ်ဖြစ်လေသည်။ အမေစု၏ စိတ်နေသဘောထား နှင့် ဘ၀ပါရမီ မည်မျှရင့်သန်သည်ကို အောက်တွင် ကူးရေးဖော်ပြပါသည်။

Read more...
 
«StartPrev12345678910NextEnd»

Page 6 of 52