Home
 
ဖုန်တထောင်းထောင်း Print E-mail
Written by တောကျောင်း   

black hands

 

 

ဘာအလုပ်မှ မယ်မယ်ရရ မရှိပဲ လမ်းပေါ်ထွက်လာခဲ့တယ်။ ထုံးစံအတိုင်းလို့ ပြောရင်လည်းရတာပေါ့။ ဘာအလုပ်မှ မယ်မယ်ရရ မရှိဆိုတာ လုပ်စရာကို မရှိတာ။ လုပ်စရာကတော့ရှိတယ်။ မလုပ်လည်း ဖြစ်တဲ့ အလုပ်မျိုးဆိုပါတော့။ တဖက်ကပြန်စဉ်းစားရင်တော့ လုပ်ရင်လည်း ဖြစ်တဲ့အလုပ်တွေပါ။ ဘာပဲဖြစ်ဖြစ် လမ်းပေါ်ရောက်လာခဲ့တယ် ဆိုကြပါစို့။

Read more...
 
၂၀၃၀ Print E-mail
Written by သည်မော်နိုင်   

ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)မှ ရသစာပေ ပုံစံ အမျိုးမျိုးကို မြန်မာစာပေ ချစ်မြတ်နိုးသူများ ဖတ်ရူ နိုင်စေရန် တတ်နိုင်သမျှ ကြိုးပမ်းတင်ဆက် လျက်ရှိပါသည်။ယခုအခါ မြန်မာစာပေ ကဗျာ ပုံစံ အသစ်တစ်ခုအား စာဖတ်သူများထံသို့ ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ မိတ်ဆက်ပေးပါရစေ။

ခန့်ညားလှသော လေးချိုး(ရှေး ကဗျာ) ကဗျာများ၊ ရွတ်ဆို၍ ကောင်းသော “သံပေါက်” ကဗျာများ၊ အသံသာ၍ အသံနှင့် အဓိပ္ပါယ်ရှိသော ကဗျာများ၊ နောက်ဆုံး မော်ဒန်ကဗျာ၊ ပို့စ်မော်ဒန် ကဗျာအထိ ကဗျာ အမျိုးမျိုး ရှိကြပါတယ်။ ယခုတင်ဖေါ်ပြမည့် ကဗျာမှာ ကိုယ်တိုင် မျက်စိနှင့် မြင်၍ ဖတ်ရှုမှ ကဗျာ အရသာ ပေါ်နိုင်သောကြောင့် “အမြင်ကဗျာ” လို့ ကျွန်တော်တို့ ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) အဖွဲ့သားများမှ မှတ်ယူထားမိပါတယ်။

စာတည်းအဖွဲ့

 

“၂၀၃၀”

 

 

2030 poem

 
ဘုရားပေါ်မှာ Print E-mail
Written by လင်းအေးထင်   

pagoda sketch

 

 

ကျနေကြောင့် မြစ်ဟာ အနီစွေးစွေးသန်းကာ

အလည်သောင်ကို ဘယ်-ညာ ရစ်ဝိုက် မငြူဆူစွာစီးတယ်။

 

ရေစီးမှာ ဘဝစဉ်ဆက် ကမ္မအမှုတို့ ဒရွတ်တိုက် လိုက်ပါမျောခဲ့သလား

ဒီလိုငါတွေးမိတယ် ကမ်းနဖူး ဘုရားရင်ပြင်မှနေ မြစ်ကိုငေးရင်းလေ … ။

 

လေအဝှေ့ ဆီမီးတို့ တနွဲ့နွဲ့လောင်နေဆဲ

ဆည်းလည်းတို့ ညင်းညံ့ညံ့မြည်နေဆဲ …..

 

ဒီခဏ ….

ငြိမ်ဝပ်သော မျက်လွှာချခြင်းဖြင့် သက်ဝင်နေသူ

ခန္ဓာကိုညွတ်ပြောင်းဦးချလိုက်စဉ်

ပုခုန်းပေါ်က တဘက်လွှာလျှောကျသွားရဲ့။

 

ငါ သူ့ အနောက်က အသာအယာ ဖြတ်ကျော်သွား

ခြေသံလုံအောင်ထိမ်းရင်းလေ။

 

လင်းအေးထင်

 

 
မန္တလေးနှင့် မဏ္ဍလေး Print E-mail
Written by မင်းကျော်သက်   

မန္တလေး နှစ် (၁၅၀)ပြည့် အမှတ်တရဆောင်းပါး … “မန္တလေးနှင့် မဏ္ဍလေး (၁)”

မန္တလေး နှစ် (၁၅၀)ပြည့် အမှတ်တရဆောင်းပါး … “မန္တလေးနှင့် မဏ္ဍလေး (၂)”

မန္တလေး နှစ် (၁၅၀)ပြည့် အမှတ်တရဆောင်းပါး … “မန္တလေးနှင့် မဏ္ဍလေး (၃)”

 

mandalay moat picture

 

“ပစ္စင်ပြအိုး ရွှေပြာသာဒ်နဲ့  နေရပ်ကို ပြန်ချင်ပါတော့သည်၊

မျှော်ရှာသူ သပြေရွက်ကို ရေတွက်ပါလို့  စောင့်ကာနေရော့မည်”

 

Read more...
 
အိပ်ခွင့်ပေးပါမေမေ.. Print E-mail
Written by တာမိုး   
 pink colour painting for poem
 

 

အချိန်တန်ရင်သူတို့တိတ်သွားကြမှာပေါ့မေမေရယ်

ခုတော့ သမီးခဏ အိပ်လိုက်ဦးမယ်

Read more...
 
«StartPrev41424344454647484950NextEnd»

Page 48 of 52