|
Written by Mr. Burma
|
 |
|
|
Written by နေလင်းအောင်
|
|

(၁)
တရုတ်နီဟု အမည်ရသည့် တရုတ်ပြည်ဖြစ် အင်ဂျင်စက်များသည် တဒုန်းဒုန်း၊ တဒိုင်းဒိုင်း မြည်သံများကို ကြွေးကြော်ပြီး မြန်မာပြည်သို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ပြီ ဖြစ်သည်။ တရုတ်နီတို့သည် ပ၀တိ္တသားများသာ ဖြစ်သော်ငြားလည်း နေရာတကာတွင် လူတွင်ကျယ် လုပ်တတ်သည်။ ရေတင်ရာတွင် သော်လည်းကောင်း၊ မီးစက်မောင်းရာတွင် သော်လည်းကောင်း၊ ထော်လာဂျီမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စက်တပ်လှေမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စပါးကြိတ်ခွဲရာတွင် သော်လည်းကောင်း အသံတစွာစွာပြုပြီး လူလုံးပြတတ်ကြ၏။ ဤသို့နှင်နှင်လျှင် တရုတ်နီတို့သည် “တရုတ်နီစွမ်းအား ခေတ်ကျော်လွှား”ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲပြီး မြန်မာပြည် အနှံ့ နယ်ချဲ့နေလေတော့၏။ |
|
Read more...
|
|
Written by ခင်အောင်အေး
|
|

အရာများနှင့် စိတ်ကူးထည်သက်သက် ရှိနေသော အဖိုး အနဂ္ဃတန်သည့် ဆေးပင် ကိုယ်ကိုယ်တိုင် သွားပို့မယ် မနှစ်က ဒီလိုအချိန်မျိုး ဗျိုင်းများ အုပ်လိုက်ဖြတ်ပျံသွားချိန် ဖောင်းအိနေသည့် ရွက်များဖြင့် တရွေ့ရွေ့ ပျဉ်စပ်သင်္ဘောကြီး နေလုံးဟာ ရေပြင်အောက်ကို ငုပ်လုဆဲဆဲ ခြေရာကို ရေးရေးမျှပင် မတွေ့ |
|
Read more...
|
|
Written by ဦးဖေသိန်း
|
 |
|
Written by နေလင်းအောင်
|
|
သူ၏ နာမည်အရင်းမှာ နိုင်ဝင်းဖြစ်သော်လည်း တစ်မြို့လုံးကမူ သူ၏အသက်မွေးမှုဖြစ်သည့် ဘဲဥရောင်းချခြင်းကို အကြောင်းပြုပြီးသကာလ ဘဲဥဟူ၍သာ ချစ်စနိုးခေါ်ဝေါ်ကြကုန်၏။
ထိုသို့ခေါ်ဝေါ်ခြင်းအား သူ စိုးစဉ်းမျှ မကြိုက်ကြောင်းကို တစ်မြို့လုံးသိကြသော်လည်း ဘဲဥ ဟူ၍သာ ခေါ်ဆိုမြဲ ခေါ်ဆိုကြလေ၏။ ဘဲဥသည် ရှေးဟောင်းကျမ်းဂန်တို့နှင့် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်ပြီး၊ လူဖြစ်လာသူ ဖြစ်လေရကား ယင်းသို့ခေါ်ဝေါ်ခြင်းသည် ယဉ်ကျေးသောသူတို့၏ အလေ့မဟုတ်၊ အသက်မွေးမှုအလုပ်အကိုင်ကိုအကြောင်းပြု၍ဆဲရေးခြင်းတစ်မျိုးသာလျှင် ဖြစ်ကြောင်းကို ဘာရဒွါဇ ဇာတ်တော်အား စကားအရာ သက်သေထား၍ တုံ့ပြန်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ တစ်မြို့လုံးကမူ ဘဲဥ ဟူ၍သာ ခေါ်ဝေါ်မြဲ ခေါ်ဝေါ်ကြဆဲပင် ဖြစ်ပြီး၊ နောင်တွင်လည်း ဆက်လက် ခေါ်ဆိုကြဦးမည်မှာ မလွဲပြီ။ 
|
|
Read more...
|
|
|
|
|
|
|
Page 5 of 52 |