Home
 
ဘုန်းကြီးသေ Print E-mail
Written by နေလင်းအောင်   

(၁)

 

ဒေါင့်ကြီးကျေးရွာတွင် လှေပြိုင်ပွဲ၊ ပန်းပြေးပွဲ အစရှိသည့် တောဓလေ့ရိုးရာ ကစားခုန်စားပြိုင်ပွဲများ မကျင်းပဖြစ်တော့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိတိပပဆိုရလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ လှေပြိုင်ပွဲ၊ ပန်းပြေးပွဲများ ကျင်းပကြမည် ဟူသောအသံများကို ရွာဦးကျောင်းဆရာတော် ဦးတေဇ၀န္တ ပျံလွန်တော်မူသောအခါတွင်မှ  တဖန်ပြန်လည်ကြားရခြင်း ဖြစ်၏။

ဒေါင့်ကြီးကျေးရွာသည် မြစ်ဝကျွန်းပေါ်ဒေသကျေးရွာဖြစ်သည်အလျောက် မြေဆီသြဇာကြွယ်ဝသည်။ စပါးအထွက်ကောင်းသည်။ စပါးအထွက်ကောင်း၊ စပါးဈေးကောင်းသော်လည်း ရွာသူရွာသားတို့ စားဝတ်နေရေး မပြေလည်ရှာကြပေ။ လူမွေးလူရောင် မပြောင်ရှာ။ တစ်မိုးတွင်းလုံး ရွှံ့ထဲရေထဲတွင် ကျွဲ၊နွားတို့နှင့် နင်လားငါလား ရုန်းကန်လှုပ်ရှားကြရသော်လည်း ယင်းတို့၏ ဘ၀များမှာ ထူးခြား ပြောင်လက်လာခြင်း အလျဉ်းမရှိပေ။ တစ်နှစ်ကြာသော်လည်း ဒုံရင်း၊ နှစ်နှစ်ကြာသော်လည်း ဒုံရင်း၊ သုံးနှစ်ကြာသော်လည်း ဒုံရင်း၊ နွေမိုးဆောင်းရာသီစက်ဝန်းတို့ အဖန်ဖန်ပြောင်းလဲ၍ နှစ်အလီလီပြောင်းခဲ့သော်လည်း ဒုံရင်းမှ ဒုံရင်း အတိုင်းပင်။ ၄င်းတို့သည် ထူးမခြားနားဇာတ်ကိုခင်း၍ အသူတစ်စောက်နက်လှသည့် ဆင်းရဲတွင်းတွင် ပျော်ပျော်ပါးပါး နေကြ သေကြကုန်၏။

လှေပွဲ

Read more...
 
ကေသရာဇာ ကြံ့-ဖွတ် Print E-mail
Written by ဦးဖေသိန်း   
ကေသရာဇာ ကြံ့ဖွတ်
 
ခတ္တာပွင့်ချိန် Print E-mail
Written by လူထုဒေါ်အမာ   


ကျွန်မခင်ပွန်း ဦးလှ ဆုံးသွားတာ ဒီနှစ် သြဂုတ်လဆိုရင် ၁၄ နှစ်ပြည့်ပါတော့မယ်။ သူ့ကို မေ့တယ် လို့ ကျွန်မအနေနဲ့  မရှိပေမယ့် ခတ္တာတွေ ပွင့်ပြီဆိုရင် ထူးထူးလည်လည် သူ့ကို သတိရတယ်။ ဦးလှက မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားမှန်မှန်ရှိခိုးတဲ့လူပါ။ သူနဲ့ ကျွန်မ အိမ်ထောင်ကျလို့   သူ မန္တလေး ပြောင်းလာတဲ့ အခါမှာတော့ သူ သယ်ယူရွှေ့ပြောင်းလာတဲ့ ပစ္စည်းထဲက ဘုရားကျောင်းဆောင်ကလေး တစ်ခုထဲမှာ ဒက္ခိဏသာခါ ဆင်းတုကလေးတစ်ဆူ ပါလာပါတယ်။ သူက ဒီဆင်းတုကလေးဟာ သူ့ကို ဆန်းကဖေး ဦးထွန်းရင် ရဲ့ အစ်ကို “ဦးလေးကြီး” လို့ အများက ခေါ်ကြတဲ့ ဦးတင်ပွက “ကိုလှ ကိုးကွယ်ဖို့ဆိုပြီး” ပေးထားတာတဲ့။ သူ မန္တလေးကို ပြောင်းရတာက ကြီးပွားရေး မဂ္ဂဇင်း တစ်ဘက်နဲ့မို့  အကုန်မပြောင်းနိုင်သေးဘဲ ရန်ကုန်နေလိုက် မန္တလေးနေလိုက်ဖြစ်နေတော့ သူနဲ့အတူ မန္တလေး လိုက်ပြောင်းလာတဲ့ သူ့တပည့် ကိုကံရှိန်ကို ဦးလှက သူ့ဘုရားဆွမ်းတော် မပြတ်ကပ်ဖို့တာဝန်ပေးလိုက်သတဲ့။

သူ ဘုရားမှန်မှန်ရှိခိုးတဲ့အလေ့ကလည်း သူကျွန်မနဲ့ အိမ်ထောင် မကျခင် လူပျိုဘ၀ကတည်းက ဖြစ်တယ်လို့ ပန်းချီဆရာ ဦးအုန်းလွင်က ပြောပါတယ်။

 

ခတ်တာပွင့်

 

Read more...
 
ကဗျာ၊ အံ့ဘွယ်ကမ္ဘာ Print E-mail
Written by ခင်အောင်အေး   

သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

‘My poetry world, The author says’

ကဗျာဆရာက ကဗျာအကြောင်းပြောရမယ်ဆိုတော့ (ကိုယ့်အတွက်) နည်းနည်းတော့ ခွကျတယ်၊ ကဗျာနယ်ပယ်ထဲရောက်သွားတာက ရောက်မှန်းမသိ တဖြည်းဖြည်းရောက်သွားတာ၊ အဲလစ်စ် နဲ့ အံ့ဘွယ်ကမ္ဘာ ဆိုတဲ့ ပုံပြင်လေးက ကိုယ် ကဗျာနယ်ပယ်ထဲရောက်သွားပုံကို တင်စားခိုင်းနှိုင်းဖို့သိပ်ကောင်းတယ်။ အဲလစ် သူ့ဟာသူ ပုံပြင်လေးတွေဖတ်ရင်း wonderful land ထဲ ကျရောက်သွားတာ ကဗျာတွေ ကြိုက်လို့ဖတ်ရင်း ကိုယ်တိုင် ကဗျာနယ်ထဲ ကျရောက်သွားပုံနဲ့တထေရာထဲပဲ။ ထူးထူးဆန်းဆန်းတွေတွေ့ရတာ မဖြစ်နိုင်တာတွေ ကြုံရတာ အခက်အခဲတွေ ကျော်လွှားသွားရတာ ကြိုတင်မသိ မမြင်ရတဲ့ အန္တရယ်တွေနဲ့ ဘွားကနဲ ရင်ဆိုင်ရတာ၊ အသည်းယားစရာ ဖြစ်ရပ်တွေရဲ့ ဖမ်းစားမှု။

 

Read more...
 
၁၉၆၀ ပတ်ဝန်းကျင်က သီချင်းနဲ့ ရစ်သမ်ဂီတာ Print E-mail
Written by ခင်အောင်အေး   

သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

ခဏတော့ ငြိမ်နေလိုက်အုန်းမယ်ပေါ့ သူ့အတွေးအကြံက ပါးပါးကလေးတွေ ရှပ်လှီးချလိုက်ပြီး ဘာမှ

စိတ်မပူနဲ့တော့ လေတချက်အဝေ့မှာ ကိစ္စများမြောင်လူတို့ဘောင်ဟာ လှုပ်ခါသွားတယ် ပေါင်မုန့်ပဲ

ခေါ်ခေါ် ဆင်းန်ဒဝစ်ခ်ျ ပဲဆိုဆို ပန်းကန်ထဲမှာ လက်ရာမြောက်နေ ခွက်တွေမြှောက်လိုက်ကြပြီး

Read more...
 
«StartPrev12345678910NextEnd»

Page 4 of 52