|
Written by စာတည်းအဖွဲ့
|
|
၂၀၁၀ ပြည့်နှစ်တွင်းသို့ ချဉ်းနင်းဝင်ရောက်လာခြင်းနှင့် အတူ ပျော်ရွင်ငြိမ်းချမ်း၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သော နှစ်သစ်ဖြစ်ပါစေ ကြောင်း ဆုတောင်းအပ်ပါသည်။ ကောင်းကင် (နိုင်ငံပြုအနုပညာ) မဂ္ဂဇင်းကို ကျွန်တော် တို့စုပေါင်း ဖန်တီးခဲ့ကြသည်မှာ ရှစ်လကျော် ကြာမြင့်ခဲ့ပါပြီ။ ဤကာလအတွင်း ကောင်းကင် မဂ္ဂဇင်းသို့ စာမူများပေးပို့ခဲ့ကြသော စာပေသမားအပေါင်း၊ သရုပ်ဖေါ် ပန်းချီကားများကို အသုံးပြုခွင့် ပေးခဲ့ကြသော ပန်းချီအနုပညာရှင် အပေါင်းနှင့် စာဖတ်ပရိတ်သတ် အပေါင်းတို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ ကျွန်တော်တို့ ကောင်းကင် (နိုင်ငံပြု အနုပညာ) မဂ္ဂဇင်း အနေဖြင့် စာဖတ် ပရိတ်သတ်များအတွက် အနုပညာ၊ ရသ အသစ်များဖြင့် စာပေ အနုပညာရှင်များ၏ ဖန်တီးမှု အသစ်များကို နှစ်သစ်တွင် တတ်အားသမျှ ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရင်း ကောင်းကင် စာဖတ်ပရိတ်သတ်အပေါင်းအတွက် နှစ်သစ် မင်္ဂလာလက်ဆောင်အဖြစ် ကဗျာဆရာရည်မွန်၏ “ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ (အပိုင်း၃)” ကဗျာရှည် ကို ဖေါ်ပြလိုက်ပါသည်။
စာတည်းအဖွဲ့ |
|
Written by ရည်မွန်
|
|
 
(၁) ကမ္ဘာကြီးပေါ်မှာ လူဟာ ပါဝင် ချင်တယ်။ လူဟာ လူရာဝင် ချင်တယ်။ ကမ္ဘာကြီးပေါ်မှာ လူဟာ ဘယ်သူပါလိမ့်။ အဲဒီ စာအုပ် ဘယ်သူရေးပါလိမ့်။ အဲဒီတိုက်ကြီး ဘယ်သူဆောက်ပါလိမ့်။ အဲဒီပုတီး ဘယ်သူ စိပ်ပါလိမ့်။ ကမ္ဘာကြီးပေါ်မှာ ငါတို့ဟာ လူကို ဘယ်လို သဘောထားပါလိမ့်။ |
|
Read more...
|
|
Written by ဘိုဘိုလန်းစင်
|
|

၁၂၅နှစ်ပြည့် တန်ဆောင်မုန်း လပြည့်ကျော် ၈ရက် - ပါတော်မူနေ့ ဒေါက်တာဆာမြဘူး (၁၈၈၅-၁၉၆၆) စစ်ရှေ့ခေတ် ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ်၊ စာပေဗိမာန် သုခမိန်အဖွဲ့ ဥက္ကဋ္ဌ ဦးတုတ်ကြီး (၁၈၈၅-?) သူရိယသတင်းစာ မန်နေးဂျင်း ဒါရိုက်တာ၊ သရာဇ (Swaraj) ပါတီခေါင်းဆောင်၊ အိန္ဒိယ ဥပဒေပြုလွှတ်တော် အမတ်ဟောင်း |
|
Read more...
|