Home
အိပ်ရာထပြီးနောက် (၃) Print E-mail
Written by ညီဇံလှ   
သရုပ်ဖေါ်ပန်းချီ စစ်ငြိမ်းအေးလန်းတုန်းဆန်းတုန်း တစ်ခုခုလုပ်ကြရအောင်။
လွယ်လွယ်နဲ့ မေ့ ပစ်ခဲ့တဲ့ မေးခွန်းတွေဆီ ပြန်သွားမလား၊
လမ်းပေါ်ကြဲပြန့် နေတဲ့ တောက်ခေါက်သံတွေ ကြိုးချည်မလား၊
နေရောင်ခြည်ရဲ့  လူယောင်ဆောင်စကားလုံးတွေ ဆဲရေးမလား။
ပန်းတစ်ပွင့် ပွင့်လာပုံက
ဗျာ များနေတဲ့ စပယ်ယာလို။
ဒီလို
ခပ်ပါးပါးလိမ်းရင်းနဲ့ ပဲ
ဒေါသတွေ ထူခဲ့။
ရှေ့ လမ်းဆုံမှာ ဆေးလိပ်ထိုင်ဖွာနေတာ
ထောင်ထွက်သမားတစ်ယောက်လား၊
တောင်တက်သမားတစ်ယောက်လား။
တကယ်တမ်းလရောင် ဆိုတာလည်း
လူတွေမပါပဲ မအေးပါဘူးကွာ ။
ဒါ သင်ပုန်းကြီး ဖတ်စာအုပ်အသစ်ပေါ့။
အချိုလွန်အိပ်မက်တွေ ပုရွက်ဆိတ်တက်နေတဲ့ အကြောင်း
အစအဆုံးပြန်ဖတ်ကြရအောင်။
ညီဇံလှ
VOTE or NO Print E-mail
Written by Mr. Burma   
Vote or No
အချစ် အလွမ်း ဒို့အရေး Print E-mail
Written by ဆက်ဝေမိုး   
သရုပ်ဖေါ် ပန်းချီထိန်လင်း
အတိတ်ကို ကြိုက်တဲ့နေရာက ပြန်စလို့ရရင်
တောင်ပိန္နဲရဲ့ ကွေ့ကွေ့ကောက်ကောက်လမ်းကလေးဟာ
ပန်းနုရောင်ဖိနပ်ကလေးကို စတင်သယ်ဆောင်လာ …..”
အဲဒီ့နေရာက ပြန်စလိုက်ချင်တယ်။
ပြီးတော့ …
အင်းလျားကန်ထဲကျသွားတဲ့ မနက် ၁၀ နာရီ
သင်္ကေတ မိုးတိမ်နီတစ
ညီမလေးရေ
မင်း အိမ်ပြန်မရောက်သေးပါလား။
ဆွဲဆန့်ချင်တိုင်း ဆန့်ခံထားရတဲ့ ရှည်လျားညများ …..
အဲဒီ့နေရာကို Skip လုပ်လိုက်မယ်။
ငါ ခိုလှုံရာနေ့တနေ့
ပိတောက်ပွင့်သစ်လို့ အမည်ပေးထားတယ်။
ပြီးတော့ …
သြဂတ်စ် ၂၁၊ ၂၃၊
အဲဒီနေရာရောက်ရင်လည်း …..
အခုလို Skip လုပ်လိုက်ပါ။  
ဆက်ဝေမိုး
သြဂတ်စ် ၂၁၊ ၂၀၁၀။
နာရီရွှေ့ သူ Print E-mail
Written by အော်ပီကျယ်   
နာရီရွှေ့ သူ
ပိုက်ဆံက ကျပ်ထားတဲ့ ဝက်အူ Print E-mail
Written by ခင်အောင်အေး   
 သရုပ်ဖော်ပန်းချီထိန်လင်း
မတူညီမှု အဆင်ကွဲ တလက္မချင်း အသိတခုကနေ နောက်အသိ တခု အတွေးအခေါ်တခု ကနေ နောက် အခြား
တခု သာမာန်စမ်းချောင်းကလေးရဲ့နံဘေး လယ်ကန်သင်းရိုးပေါ် ကပ်သီးကပ်သပ်နင်းလာတဲ့စက်ဘီး အညှော်နံ့
Read more...
«StartPrev12345678910NextEnd»
Page 3 of 52