
သရုပ်ဖေါ်ပန်းချီ ဘဌေးကြည် အဲလိုပြောကြကြေးဆို ပလေတိုနဲ့ဆော့က္ကရတ္တိ အဲ ဆိုကရေးတီး အဲ ခင်ဗျားသိလောက်ပါတယ် ဘယ်သူ့ကိုပြောတယ်ဆိုတာ ကျုပ်က စာလုံးပေါင်းတွေနောက် လျှောက်လိုက်နေတဲ့ မောင်ပေါက်ကျိုင်းမဟုတ်ဘူး ပေါင်းစည်း ပေါင်းရုံး ပေါင်းစု ထက် ပေါင်းအိုး ပေါင်းချောင် ဆိုတာမျိုးကပိုအရေးကြီးတယ်လို့ အမြော်အမြင်ကြီးကြီးနဲ့ ကြွားလုံးကြီးကြီးတွေနဲ့ ခု တိုက်ခိုက်တဲ့ မုန်တိုင်းကလည်း ကြီးကြီး ငလျင်ကြီးကြီးတွေ လှုပ်တတ်တဲ့ ကမ္ဘာ ကြက်တူရွေးတွေ မိတ်လိုက်တတ်တဲ့ကမ္ဘာ be creative ဘာတွေ-tive ရမှာတုန်း အသားဟင်းချက်တဲ့အခါ ချင်း(ဂျင်း) မမေ့မလျော့ထည့်ရသလို ကိုယ့်အညှီနံ့ကိုကိုယ် ရေမွှေးမျိုးစုံနဲ့ သတ်ရင်း ဘ၀င်မြင့်ချင်စိတ်ကိုလဲ သပ်ချရတယ် တကယ်တမ်း ပြောဖြစ်ကြတဲ့အခါကျရင် ရေဗက္ကာဝင်းပြောသလိုဖြစ်ဖြစ် ရေနာရီ ပြောသလိုဖြစ်ဖြစ် ရေနွားကိုယ်တိုင် ပြောသလိုဖြစ်ဖြစ် ရေမြင်းကိုယ်တိုင်ပြောသလိုဖြစ်ဖြစ် ကိုယ်ပိုင်ဝါကျ မရှိတော့တဲ့ အခါညည်းညူသံများ လှေကားတစ်လျှောက် တစ်ဒေါက်ဒေါက်နဲ့ အစိုးရပိုင်းကတော့ ငါးသိန်း လောက်လာမယ်လို့မှန်းတယ် လာပြန်ပြီ ဒီအစိုးရ ဆိုတဲ့ စကားလုံး ကဗျာတပုဒ်နဲ့တပုဒ်အကြား အစိုးရဘယ်နှစ်ခါ အုပ်စိုးသမျှခံပြည်သူဘယ်နှစ်ခါ ပင်လယ် ရေလှိုင်းနဲ့ ဟာရီကိန်းမုန်တိုင်း ဘယ်နှစ်ခါ နှစ်နှစ်ကာကာပြောဖို့ နှစ်နှစ်ကာကာခံစားကြည့်ရတယ် ရှေ့သွား၂ ချောင်းကျိုး နေတာကို ရွှေသွား ၂ချောင်းလို့ ချော်လဲ ရောထိုင်လိုက်သလို ဖန်ဇလုံထဲမှာ အသီးအရွက်များ အ၀ါရောင် တက္ကစီကားရဲ့ တံခါးကို ဆွဲဖွင့်လိုက်ပြီး ဟဲလို Joan Miró i Ferrà ကျုပ်ကတော့ သေဖွယ်သာရှိတော့သဗျာ ကြက်ဖကြီးက ဥအုချလိုက် သတဲ့ဗျာ တခုခု (ဘာမှန်းမသိ)ကို ဆတ်ကနဲ မြိုချလိုက်သတဲ့ဗျာ ကိုယ်မဖတ်တတ်တဲ့ဘာသာစကားနဲ့ရေးထားတဲ့ ဖတ်ချင့် စဖွယ်များ နှုတ်ကျိုးနေတဲ့ ဘုရားရှိခိုးစာများ ၆ မှ ၆၀ အထိ ၁၉၄၈ မှ ၂၀၀၈ အထိ သူမရဲ့ဦးခေါင်းချွန်ချွန် ဖယ်ရီတေးလ်များ ပိုနီတေး ဆံပင်ဖက်ရှင်များ ဂုတ်ပိုးနှစ်ထပ်များ ပါးချိုင့်နှင့် ပါးချောင်နားချောင်များ ယုဇနပင်ပေါ်က ဖဲကြိုးဝါ၀ါတွေယုဇနဥယျာဉ် ထဲကပန်းသီးနီနီတွေ ယုဇနမခင်ပျိုနဲ့တွေ့မှ ပြောပြရအုန်းမယ် ဒါမှ ယာလဲညက် ကြက်လဲပန်း အဲ.. ဖာတွေတော့လန်းတယ် (ဥပမာ-ထန်းခေါက်ဖာ) ။ ။ ခင်အောင်အေး ၂၉၊ သြဂုတ်၊ ၂၀၁၁ ရုဒက်ဆိုင်၊ ဂျာမဏီ ၂၂း၄၇ နာရီ
|